Wednesday, April 20, 2011

စောင်းကြိုးနံပါတ် ၁

ခက်တယ်ကောင်မလေးရယ် ….
အကြမ်းချရေးမိတဲ့ ကဗျာတစ်ပုဒ်လို
လုံးချေ လွင့်ပစ်ဖို့တော့ …
သတိရခြင်းတွေဟာ .. မပျောင်းနွဲ့ဘူးကွဲ့

ခုဆို
စောင်းညို့တစ်ချက်ခတ်တိုင်း …
အသံထွက်တိုင်းက နင့်နာမည်ပဲထွက်ထွက်ကျလာ
အဲ့လို.. ငါ့ညတွေလေ ….
ဒဏ်ရာတွင်းက .. နက်နက် လာတယ် …

ထိပ်ထားရေ …
ရောင်နီတော်ဦးနဲ့အတူ … လွတ်ငြိမ်းသာယာစွာ
ဖူးပွင့်နိုင်ပါစေ …

နင်မထွန်ယက်ခဲ့ပေမယ့်
ငါ့ဖာသာ စိုက်ပျိုးမိခဲ့တဲ့ သစ်ပင်လေ …
ခုဆို …. အလွမ်းတွေတောင် သင့်လို့
ငါ နင့်နေအောင် သတိရတတ်ပြီ ….

သူမရဲ့ ရင်ခုန်သံကို ခိုးနားထောင်မိလို့
ကိုယ့်ရင်ဘက်ကို ကိုယ်သေဒဏ်ချ …
အဲ့ဒီည …
လွမ်းလွမ်းနဲ့ အိပ်မရဘဲ …
အိမ်မက်ကြီးတစ်ခု ကျပျောက်ခဲ့တယ် ….

ဘယ်လိုညမျိုးပါလဲ ….
ဘယ်လိုကံတရားပါလဲ ….
အဲ့လိုနဲ့ … ….
တုံရီမှုံဝါး …. စကားတွေလဲ အလဲအလဲ အပြိုပြိုပေါ့ ….
…. …. ….
တားမဖြစ်လို့ ထားရစ်သလိုနေရတာပါ …
အပ်ကြောင်းထပ်အိမ်မက်တွေ .. မက်ခွင့်တောင်မရှိရတော့ဘူးတဲ့လေ ….


ထိပ်ထားရယ် ..
နင်က ငါ့ဘ၀ရဲ့ လေပြေလေးတစ်ခုပါ
ငါဖမ်းဆုပ်ခွင့်မရှိပေမယ့် … အေးမြမှုလေးတွေနဲ့တော့
ခဏတာ ချွေးသိပ်ပေးခဲ့ဖူးလို့… ငါ့တမ်းတမှုတွေ ရှင်သန်ပါရစေအုံး … ….

သမ္ဘာကျမ်းက ကမ္ဘာဦးခဏ်း (genius) ထဲက
Pandora သေတ္တာမှာတော့ မျှော်လင့်ခြင်းဆိုတာရှိတယ်
ကဗျာဆရာတစ်ယောက်ရဲ့ စကားကိုယူသုံးတယ်
“အားလုံးကိုစွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကိုတော့ ငါပိုင်တယ်”
ကောင်မလေးရေ …
အဲ့ကဗျာဆရာ ကံကောင်းတယ်နော်
သူ့မှာ သတိရခြင်းလေးတော့ ပိုင်သေးတယ် ….

တကယ်ဆို ….နင်နဲ့ ငါ့ကြားမှာ ….
သုညဒီဂရီ နဲ့ သုံးရာ့ခြောက်ဆယ် ဒီဂရီကြားက… နားလည်မှုပါးပါးလေးပဲ လိုတာပါချစ်သူ
အခါခါ ယုံကြည်ရူးသွပ်တဲ့ … လွမ်းဆွတ်မှုတွေ ချုပ်ငြိမ်းဖို့အတွက်
ဟောဒီ …. ခါးသက်သက် ဘီယာခွက်လေ …
မေ့လျော့ခြင်းကို မပေးနိုင်တော့ဘူး …..

Fairy Tale တစ်ပုဒ်မဟုတ်ရင်တောင်မှ
ခပ်ညံ့ညံ့ ၀တ္တုတစ်ပုဒ်လိုတောင်
Happyending နဲ့ ဇာတ်မသိမ်းနိုင်ခဲ့လို့
အခုဆို .. ငါ့ကဗျာလေးတွေတောင်
ပူဆွေးဝမ်းနည်းနေကြတယ် …..

ကောင်မလေးရယ် …
တိမ်တွေမျက်နှာကျက်ပေါ်ပျိုး …
မိုးပြိုမယ့်နေ့ရောက်ရင်တော့ …
ငါ့လွမ်းချင်းတွေ ၁၂း၀၀ နာရီ ထိုးမှာပါ …. …. …

( ကျွန်တော်ချစ်မြတ်ရသူ အတွက် ထိုစောင်းကြိုးတို့ကို တီးခတ်သည် နတ်ဘုရားအဆူဆူတို့ ကူညီတော်မူကြကုန် )